တောင်ကြီး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို ယနေ့တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ် သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က အဖွင့်အမှာ စကား‌ပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာနနှင့် သမဝါယမ အသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုး တိုးတက်စေနိုင်ရေး” ခေါင်းစဉ်ဖြင့် လည်း‌ကောင်း၊ စွမ်းဆောင် ရည် မြှင့်တင်ရေးဆွေးနွေးပွဲတွင် လူမှုစီးပွားဘဝမြှင့်တင်ဖို့ သမဝါယမကဏ္ဍမှ ပူးပေါင်းပါဝင်စို့ ခေါင်းစဉ်ဖြင့်‌ လည်းကောင်း ဆွေးနွေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုရရှိခဲ့သူများ နှင့် ဝန်ထမ်း ၈၅ ဦးတို့အတွက် ရှမ်းပြည်နယ် သမဝါယမဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက ဆုများ နှင့် တူညီဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝိုးတောင်း