မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ International Army Games-2022 ပြိုင်ပွဲ၏ Tank Biathlon (Tank Crews Competition) Division-2 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၁ နိုင်ငံ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိ

နေပြည်တော် ဩဂုတ် ၂၁

 

ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပ ပြုလုပ်လျက်ရှိသည့် Internat-ional Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Tank Crews Competition) Division-2 သို့ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့သည်။

 

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ အနေဖြင့် Tank Biathlon (Tank Crews Competition) Division-2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက် တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များ နှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မီလီမီတာ အမြောက်အား ရပ်လျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မီလီမီတာ လေယာဉ်ပစ်စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မီလီမီတာ ယှဉ်တွဲ စက် သေနတ်ကျည် ၁၅ တောင့် ရပ်လျက် ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ Crew - 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့် ဖြင့် လည်းကောင်း၊ Crew -2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့် လည်းကောင်း၊ Crew – 3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် လည်းကောင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့် ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခု တွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

 

mdn

 

မြန်မာ့ တပ်မတော် တင့်တပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်း နှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါအဝင် (၅) ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅ ၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် တတိယအဆင့် စသဖြင့် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

 

mdn

 

ထို့ပြင် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော် ကိုယ်စားပြု ဗိုလ်လောင်းများက ပြိုင်ပွဲ အမျိုးအစား ၇ မျိုး ရှိသည့်အနက် ၃ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံအလိုက် အဆင့် ၈ နေရာ ရရှိခဲ့သည်။

 

အလားတူ မြန်မာ့တပ်မတော် အနေဖြင့် International Army Games-2022 ပြိုင်ပွဲများဖြစ်သော ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race (Medical Staff Competition))၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲ ( Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိ ကြောင်းနှင့် ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့ တပ်မတော်ကိုယ်စားပြု ရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်