ပြည်ကြီးတံခွန် ၁၅ ဖေဖော်ဝါရီ
မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် IKO MYANMAR MANDALAY BRANCH တို့ ပူးပေါင်းဖွင့်လှစ်သော ကရာတေးဒို (အခမဲ့) နွေရာသီသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့်မြဝတီမင်းကြီးလမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် IKO MYANMAR မှ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ သင်တန်းနည်းပြ ဦးညွန့်မောင်ဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။
အဆိုပါသင်တန်းကို အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ နေ့များတွင် နံနက် ၆ နာရီခွဲမှ နံနက် ၈ နာရီထိ ဖေဖော်ဝါရီ ၁၅ ရက် မှ မတ် ၁၅ ရက်ထိ (၁)လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ခုလိုအားလပ်တဲ့နွေရာသီမှာ ကလေးငယ်များ အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ကာယ ကြံ့ခိုင်ပြီး လူမှုနယ်ပယ်မှာ ဝင်ဆံ့လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိမှာ သင်တန်းသား (၃၀)ဦး ခန့်သာ ရှိပါသေးတယ်၊ ထပ်ပြီးလက်ခံသွားမှာပါ၊ သင်တန်းတက်ရောက် လိုပါက မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်သလို ဖုန်း ဝ၉-၇၉၆၀၂၉၄၂၃ သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း IKO MYANMAR မှ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ သင်တန်းနည်းပြ ဦးညွန့်မောင်ဆွေ ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


