မန္တလေး ၂၂ ဖေဖော်ဝါရီ
ဂျပန်-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်၍ ဂျပန်ကုန်စည်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းဆိုင်ရာပြပွဲကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေးမြို့တော်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နီနီအောင်၊ Metro Group မှ CEO Mr. Takashi Kawasaki နှင့် Myanmar Promotional Services Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများ ခင်းကျင်းပြသထားသော ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ပြပွဲကို ဖေဖော်ဝါရီ ၂၂ ရက် မှ ၂၄ ရက် ထိ (၃)ရက်ကြာခင်းကျင်းပြသသွားမည်ဖြစ်ကာ ဂျပန်နိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ၊ Service ဆိုင်ရာများ၊ အစားအစာများ၊အလှကုန်ပစ္စည်းများ၊ မော်တော်ယဉ်ဆက်စပ်ပစ္စည်းများ အား ပြခန်းပေါင်း (၅၀)ကျော်ဖြင့် ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီများ၊ ရန်ကုန်နှင့်မန္တလေးမြို့များမှ ကုမ္ပဏီများ စုစုပေါင်းကုမ္ပဏီ (၄၀)ကျော်တို့မှ ကုန်စည်များ ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


