ပရီမီယာလိဂ်ပွဲစဉ်(၁)ရဲ့ ဩဂုတ် ၁၇ ရက်ညပိုင်း နောက်ဆုံးပွဲစဉ်နဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ယူအသင်းကို အနိုင်ရပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအစ နိုင်ပွဲဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းက မန်ယူအသင်းကို ပွဲကစားချိန် ၁၃ မိနစ်မှာ ရရှိခဲ့တဲ့ ကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ မန်ယူအသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ခြောက်ပွဲမှာ ငါးပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဒီဂတ်ကတော့ အာဆင်နယ်အသင်း ခေါင်းဆောင် ဘဝမှာ ပရီမီယာလိဂ်နိုင်ပွဲ ဒုတိယအများဆုံးရယူနိုင်ခဲ့တဲ့ ဗီယာရာရဲ့စံချိန်ကိုလည်း လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာ မန်ယူအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဘဝ ပရီမီယာလိဂ်နိုင်ပွဲ ၇၁ ပွဲ ရှိလာ ခဲ့တာဖြစ်ပါတယ်။ အခြားသော ပရီမီယာလိဂ်ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ ဘရန်းဖို့ဒ်တို့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


