၂၅ ဖေဖော်ဝါရီ
တနင်္ဂနွေနေ့ည ပရီမီယားလိဂ် ပွဲစဉ်(၂၇)အဖြစ် အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ အိုးထရက်ဖို့စ်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ သရေပွဲဖြင့်သာ ပြီးဆုံးသွားခဲ့ကြသည်။ယခုကစားခဲ့သည် မန်ယူနှင့်လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ဟာ ပရိသတ်တို့ ထင်မှတ်ထားသလို ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်မလာခဲ့သလို ပရိသတ်တို့ မျှော်လင့်ထားတဲ့ အပြန်အလန်သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခြင်း မရှိတာကို တွေ့ရသည်။
ဒီလို အပြန်အလန်သွင်းဂိုးတွေကို မမြင်တွေ့ရတာက နှစ်သင်းစလုံးရဲ့ အဓိကကစားသမာတွေ ဒဏ်ရာရရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မန်ယူအသင်းတွင် ပထမပိုင်းအတွင်းမှာပင် ဟာရဲယားနေရာတွင် ပါရဲရား၊ မာတာနေရာတွင် လင်းဂတ်တို့ကို လူစားလဲကစားခဲ့ရသည်။ လူစားလဲ ဝင်ရောက်ကစားလာတဲ့ လင်းဂတ်ဟာလည်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆန်းချက်ဇ်ကို ထည့်သွင်းကစားစေခဲ့ရပြီး မန်ယူအသင်း ပထမပိုင်းတွင် လူစားလဲမှု သုံးကြိမ်အထိကို ပြုလုပ်ထား ခဲ့ရတာကို တွေ့ရသည်။ ထို့ပြင် လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာလည်း ပထမပိုင်း မိနစ် ၃၀ တွင် ဒဏ်ရာရရှိခဲ့တာကြောင့် စတားရစ်ချ်နဲ့ လူစားလဲခဲ့ရသည်။
လီဗာပူးအသင်းဟာ ပွဲကိုအကောင်းဆုံးထိန်ချုပ်ပြီး ဘောလုံးအသာစီးရယူကာ မန်ယူကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူနောက်တန်းကစားသမားတွေ အမှားကင်းကင်းဖြင့် အကောင်းဆုံး ကာကွယ်ထားနိုင်ခဲ့သည်။ မန်ယူရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုဟာ လီဗာပူးအသင်းထက် ထိရောက်မှုရှိခဲ့ပြီး ဂိုးသွင်းခွင့် အခွင့်အရေး ပိုမိုရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်မှာတော့ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့သည်။ လီဗာပူးအသင်း ရမှတ် ၆၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေသော်လည်း ဒုတိယနေရာမှ မန်စီးတီးအသင်းက ရမှတ် ၆၅ မှတ်ဖြင့် ဖိအားပေးနေသည်။ မန်ယူအသင်းကတော့ ယခုပွဲသရေကျခဲ့တာကြောင့် အဆင့်(၅)နေရာကို ရမှတ် ၅၂ မှတ်ဖြင့် ရောက်ရှိသွားခဲ့ပြီး အာဆင်နယ်က ဆောက်သမ်တန်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ရမှတ် ၅၃ မှတ်ဖြင့် အဆင့်(၄)နေရာတွင် ရောက်ရှိနေသည်။
MDN


