မတ္တရာ ၁၅ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခင်လှရွှေမှ အာဖရိကအပြင်းဖျားဝက်ရောဂါမှာ မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့မှုမရှိသေးကြောင်း၊ ရောဂါနောက်ခံသမိုင်းကြောင်းများ၊ ကူးစက်ပျံ့နှံ့ခြင်း၊ ရောဂါဖြစ်ပွားမှုအဆင့်ဆင့်နှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ခြင်းများနှင့် ရောဂါလက္ခဏာများတွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေးစေလိုပါ ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


