မုံရွာ ဖေဖော်ဝါရီ ၁၉
    

မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မုံရွာပညာရေးကောလိပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းခဲ့ကြောင်း သိရသည်။

 

123


    

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည် က အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဝင်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  

 

123


    

" အဓိကတော့ ကလေးတွေကို ပန်းချီအခြေခံဘာသာရပ်တွေ သင်ကြားပို့ချပေးမယ် ပန်းချီပညာရပ်နဲ့ ကျောင်းသင်ရိုးတွေမှာဆက်နွယ်နေတဲ့ ဘာသာရပ်တွေကို အထောက်အကူပြုစေဖို့ရယ်၊ ဥပမာ မြန်မာပြည် မြေပုံ ဆွဲတာတို့၊ အထက်တန်းပညာအဆင့်ရောက်ရင်လဲ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေမှာ ပုံဆွဲတာ တွေပါတယ် ဒါကြောင့်အခြေခံပါအောင်လို့ ဒီသင်တန်းကို ဖွင့်လှစ်ပို့ချပေးတာပါ " ဟု မုံရွာပညာရေး ကောလိပ် ပန်းချီဌာနမှ ကထိက သင်တန်းနည်းပြ ဦးဇော်မင်းထွန်းက ပြောသည်။
    

နွေရာသီ အခြေခံပန်းချီသင်တန်းသို့ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ  (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၈)နေ့ အထိ (၁၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရငည်။
    

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်နှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ မိဘများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။


ဝင်းဦး(ဇေယျာတိုင်း)

 

123