မူဆယ် ၂၇ ဖေဖော်ဝါရီ

 


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ပြည်ထောင်စုလမ်းမကြီး (မြို့တွင်း)လမ်းနှင့် မြို့ရှောင်လမ်းလမ်းဆုံမှ ကျယ်ဂေါင်အဝင်/ ထွက်ဂိတ် (မန်ဝိန်းဂိတ်ပေါက်) ထိ ကတ္တရာ(၄) လမ်းသွား အဆင့်မြှင့် ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။

 

d

 

အဆိုပါလမ်းသည် မြို့ရှောင်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီး ဆုံသောနေရာဖြစ်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ မြို့တွင်းလိုင်း ပြေးဆွဲနေသည့် သုံးဘီးများ၊ ဆိုင်ကယ်များ သွားလာမှုများပြားသည့် အပိုင်းဖြစ်ကာ ယာဉ်ကြောမကြာခဏ ပိတ်ဆို့မှုဖြစ်သည့် အတွက်ကြောင့် (၄) လမ်းသွားအဖြစ် အဆင့်မြှင့် ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။ 

 


၎င်းလမ်းပိုင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျပ် (၃၆၇၂၃၀) သန်းဖြစ် နိုင်လွန်ကတ္တရာ AC လမ်း ပေပေါင်း (၂၀ဝ၀) ခင်းကျင်းသွားမည်ဖြစ်ပြီး အဆိုပါလမ်းပိုင်းကို (OH) ကုမ္ပဏီမှ တာဝန်ယူပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။

 

d

 

ရှမ်းပြည်နယ်အတွင်း ခရီးသွားဧည့်သည်များ အများဆုံးလာရောက်သော မြို့များဖြစ်ကြသည့် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ မူဆယ်မြို့ စသည့် မြို့များသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်ရန်ပုံငွေများဖြစ် လမ်းအဆင့်မြှင့်ခြင်း၊ ချဲ့တွင်းခြင်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 


ဆိုင်ဖြူ(မူဆယ်)