ကိုလံဘို နိုဝင်ဘာ ၉
မူးယစ်ဆေးဝါး ကီလိုဂရမ် ၃၀၀ သယ်ဆောင်လာသည့် သီရိလင်္ကာငါးဖမ်း ရေယာဉ်တစ်စင်း ဖမ်းဆီးခံရပြီးနောက် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သီရိလင်္ကာက မော်ဒိုက်သို့ အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း အကြီးတန်းဝန်ကြီးတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားသည်။
စုံစမ်းစစ်ဆေးရာတွင် အကူအညီပေးရန်စေလွှတ်
မော်ဒိုက်နိုင်ငံ အာဏာပိုင်များကို စုံစမ်းစစ်ဆေးရာတွင် အကူအညီပေးရန် ရဲတပ်ဖွဲ့နှင့် ရေတပ်မှ အရာရှိများကို စေလွှတ်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးနှင့် ပါလီမန်ရေးရာဝန်ကြီး အန်နန်ဒါ ဝီဂျီပါလာက သတင်းထောက်များအား ပြောကြားသည်။
ထိန်းသိမ်းခံထားရသည့် သီရိလင်္ကာနိုင်ငံသား အမှုထမ်းအဖွဲ့ဝင်များကို လွှဲပြောင်းနိုင်ရေး အစိုးရက ဆွေးနွေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


