မြဝတီ ဒီဇင်ဘာ ၇
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ မြဝန်ဆောင်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြ သ/မ လီမိတက်ရုံး၌ ကျင်းပရာ မြဝန်ဆောင်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာအောင်မြက ဝန်ဆောင်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း ဒါရိုက်တာအဖွဲ့ အစီရင်ခံစာကိုလည်းကောင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို လည်းကောင်း မြဝန်ဆောင်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း အမှုဆောင် ဒါရိုက်တာ၊ အတွင်းရေးမှူးနှင့် အသင်းသား စာရင်းစစ်တို့က ဖတ်ကြားတင်သွင်းခဲ့ပြီး ဒါရိုက်တာအဖွဲ့မှ တင်သွင်းသည့် အရပ်ရပ်ဆိုင်ရာ အစီရင်ခံစာပါ (၃)ရပ်အား အသင်းသားများ၏ အတည်ပြုချက်ကို ရယူခဲ့သည်။
ထို့နောက် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် မြဝန်ဆောင်မှုနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဝင်များ၏ သား သမီးများအား အသင်းဥက္ကဋ္ဌ ဦးစိန်သောင်းက ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၄ - ၂၀၂၅ဘဏ္ဍာနှစ်၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


