မြဝတီ   ၁၇  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက် ကလေးငယ် ၄၉၀ ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၆၅၃၅၀ဝ၀ အား ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

5414141

 

အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းက ကိုယ်ဝန်ဆောင် မိခင်နှင့် ယင်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။

 

3...3555

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ကိုယ်ဝန်ဆောင် မိခင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက် ကလေးငယ် ၄၉၀ ဦးတို့အတွက် ထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံ ပေးအပ်ခဲ့သည်။ 

 

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၊ ၂ နှစ်အောက် ကလေးငယ် တစ်ဦးလျှင် တစ်လ ၁၅၀ဝ၀ ကျပ်နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကာ မြဝတီမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)