မြဝတီ ဖေဖော်ဝါရီ ၁၁

 

ထိုင်းနိုင်ငံမှတစ်ဆင့် အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာ လုပ်သားများ ဝင်ရောက်မှု များပြား လာသည့်အတွက် လိုအပ်သော အချက် များကို စိစစ်မှုပြုလုပ်နိုင်ရန်နှင့် နေရပ်ပြန် သူများအား လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အ ကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားသော ပြန်လည်ကြိုဆိုရေးစခန်းကို ဖွင့်လှစ်ရန် လိုအပ်နေကြောင်း သိရသည်။

 

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတား မှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းသို့ မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဖေဖော် ဝါရီ ၈ ရက်က ၄၄၄ ဦးနှင့် ဖေဖော်ဝါရီ ၉ ရက်က ၃၅၉ ဦးရှိပြီး ယခုပြန်လည် ဝင်ရောက်လာသူများတွင် မလေးရှားနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသူ အများစု ပါဝင်ကြောင်း သိရသည်။

 

"ကျွန်မက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတာ ခုနစ်နှစ်ကြာပြီဖြစ်ပါ တယ်။ မလေးရှားနိုင်ငံမှာတော့ ကျွန်မ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါ တယ်။ လုပ်အားခအနေနဲ့ တစ်ရက်ကို မြန်မာငွေဈေးနဲ့တွက်ရင် သုံးသောင်း ကျော်နဲ့ ညီမျှတဲ့ မလေးငွေ ရင်းဂစ် ၈၀ရပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ တရားဝင် ဆက်လက် အလုပ်လုပ်ကိုင် နိုင်ဖို့ ပတ်စပို့စာအုပ် လာရောက်ပြုလုပ် တာပါ "ဟု ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မွန်ပြည် နယ် မော်လမြိုင်မြို့တွင် နေထိုင်သည့် မအိမွန်က ပြောသည်။

 

နေရပ်ပြန် မြန်မာလုပ်သားများကို ယခင်က မြဝတီခရိုင်အဆင့် ဌာနပေါင်း စုံပါဝင်သော အဖွဲ့များဖြင့် ကျောက်လုံး ကြီးတွင် ပြန်လည်ကြိုဆိုရေးစခန်း ဖွင့်လှစ်ကာ စနစ်တကျလက်ခံ၍ လိုအပ် သည့် အကူအညီများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကူညီဆောင်ရွက်လျက်ရှိရာမှ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ စတင်ပြီး ကျောက်လုံးကြီးတွင် ဖွင့်လှစ်ထားသည့် ပြန်လည်ကြိုဆိုရေးစခန်းကို အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

 

"ထိုင်းကနေတစ်ဆင့် နေရပ် ပြန်လာတဲ့ မြန်မာလုပ်သားတွေကို ထိုင်းဘက်ခြမ်းက တာဝန်ရှိသူတွေက မြန်မာဘက်ခြမ်းမှ မြဝတီလဝကနဲ့ ချိတ်ဆက်ပြီးတော့ ချစ်ကြည်ရေးတံတား ကနေ လွှဲပြောင်းပေးခဲ့တာပါ။ အခုလို ပြန်လာတဲ့လူတွေကများတော့ လိုအပ်တဲ့ အချက်အလက်စစ်ဆေးမှုတွေ ပြုလုပ်ဖို့နသူတို့အတွက် လိုအပ်မယ့် အကူအညီတွေ ပေးနိုင်ဖို့ဆိုတာ သက်ဆိုင်ရာဌာနဆိုင်ရာ တွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လိုပါ တယ်"ဟု မြို့နယ် အလုပ်သမား òန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းက ပြောသည်။

 

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေး စခန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပိတ်သိမ်းခဲ့ပြီးနောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ မှာ သောင်ရင်းကမ်းစပ်ရှိ ကိုးသုံးလုံးဂိတ် မှ ဝင်ရောက်ခဲ့ကြရပြီး နေ့စဉ်ရာနှင့်ချီ၍ ရှိနေကြောင်း လည်းသိရသည်။ 

 

မင်းသူ(ဘားအံ)