မြန်အောင် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် Myanaung Premier League Season 2025 အမျိုးသားအလွတ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက မြန်အောင်မြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ Myanaung Premier League Season 2025 အမျိုးသားအလွတ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကိုကျင်းပရာ Happy Fc အသင်းက Young Boy Fc အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး Champions ဆုဖလားရရှိခဲ့သည်။
ဆက်လက်၍ Myanaung Premier League Season 2025 အမျိုးသားအလွတ်တန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ပထမဆုရရှိသော Happy Fc အသင်းအား Champions ဆုဖလား ပေးအပ်ချီးမြှင့်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းမင်းစိုးနှင့်တာဝန်ရှိသူများက ပထမဆုရရှိသော Happy Fc အသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုများ၊ ဒုတိယဆု၊ တတိယဆုနှင့် တစ်ဦးချင်းဆုများ၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆုများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)


