ဩဂုတ် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကနေဒါအိုးပင်း  အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ကနေဒါ ဆယ်ကျော်သက်တင်းနစ်မယ်   ဗစ်တိုးရီးယား အမ်ဘိုကိုက နာမည်ကြီး ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာကို အနိုင် ယူကျော်ဖြတ်ကာ  ပထမဆုံး  ဒဗလျူတီအေဆုဖလားကို ရယူနိုင်ခဲ့သည်။

အသက်  ၁၈  နှစ်အရွယ်  အဆိုပါတင်းနစ်မယ်သည် ဗိုလ်လုပွဲတွင် ဂရင်းဆလမ်းချန်ပီယံ လေးကြိမ်ရ အိုဆာကာကို အကြိတ်အနယ်ကစားကာ ၂-၆၊ ၆-၄၊ ၆-၁ ရလဒ်ဖြင့်  နိုင်ပွဲရရှိကာ  ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြိုင်ပွဲတစ်လျှောက်တွင်လည်း အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ကီနင်စ်၊ ကိုကိုဂါ့ဖ်၊ ရွိုင်ဘာကီနာတို့ကို အနိုင်ယူကျော်ဖြတ်ထားသူဖြစ်သည်။

အိုဆာကာသည် ပြိုင်ပွဲတစ်လျှောက်တွင်  ထိပ်တန်းအဆင့်တင်းနစ်မယ်များဖြစ်သည့် အော့စတာ ပင်ကို၊ ဆမ်ဆိုနိုဗာ၊ စဗစ်တိုလီနာ၊ ဆီဗက်စတိုဗာ၊ တော်ဆန်တို့ကို အဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည့်အတွက် အောင်မြင်မှုနှင့်ဝေးကွာခဲ့ရသည်။ 

မိုးဇက်-စုစည်းရေးသားသည်