တိုကျို  စက်တင်ဘာ  ၃

နိုင်ငံတစ်ဝန်း ပျမ်းမျှအပူချိန်  ၂  ဒသမ ၃၆  ဒီဂရီ ဆဲလ်စီးယပ်ထက်  ပိုမိုမြင့်မားနေသည့် ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ အပူဆုံးနွေရာသီအဖြစ် ကြုံတွေ့လျက်ရှိသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီ (ဂျေအမ်အေ)က ပြောသည်။

ယနေ့ဖြစ်ပေါ်ခဲ့သော အပူချိန်သည် ၁၈၉၈ ခုနှစ်မှစ၍ နှစ်ပေါင်း ၁၃၀ ခန့်အတွင်း  အမြင့်ဆုံးအပူချိန်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃  ခုနှစ်တွင် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သော  အပူချိန်များကိုကျော်ဖြတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သော အပူချိန်သည်  သာမန်ပျမ်းမျှအပူချိန်ထက်   ၁  ဒသမ ၇၆    ဒီဂရီဆဲလ်စီးယပ် ရှိသည်။

သြဂုတ် ၃၀ နှင့် ၃၁ ရက်တို့တွင်  ဂျပန်နိုင်ငံ၏ အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်ရှိခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်  မှတ်တမ်းတင်မြင့်မားခဲ့သော  ရက်ပေါင်း ကိုးရက်အထိ ရှိလာပြီဖြစ်သည်။

ယခုနှစ်နွေရာသီသည် ပုံမှန်မဟုတ်သော အပူချိန်မြင့်မားသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်ဟု  ဂျေအမ်အေက ဖော်ပြခဲ့သည်။                                 

ဆင်ဟွာ