နောင်ချို  မတ် ၁၈

        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာစာသင် ကျောင်းများ နှင့် ကိုယ်ပိုင်ကျောင်းများ၌ အတန်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ သည် မတ် ၁၇ ရက် နံနက် ၉နာရီမှစ၍ ကျောင်းတွင်းစစ်စာမေးပွဲများကို ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

       

နောင်ချိုမြို့နယ်တွင် အထက (၉)ကျောင်း၊ အထက ခွဲ (၁၀)ကျောင်း၊ အလက (၁၁)ကျောင်း၊ အလက ခွဲ (၁၂)ကျောင်း၊ အမက မူလွန် (၃၉)ကျောင်း၊ အမက (၉၈)ကျောင်း၊ အမက ခွဲ(၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၁၉၂)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ(၂၂၁၂၄)ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

 

ထွေးငယ် (နောင်ချို/ ပြန်ဆက်)