နောင်ချို နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဒေသခံ ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် အမည်ပါရှိစေရေး စသည့် လုပ်ငန်းစဉ်များကို မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူ လင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် စာရင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့တို့က မြေပြင်ရှိအိမ်များသို့ နေ့စဉ်ကွင်းဆင်းစစ်ဆေးပြီး ကျန်ရှိသူများရှိပါက ပုံစံ-၃၊ ပြင်ဆင်ပယ်ဖျက်ခြင်းများရှိပါက ပုံစံ-၄ များဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


