နောင်တရား ၁၆ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြေနီကုန်းကျေးရွာ၌ ပြည်နယ်ပျားလုပ်ငန်းဌာနမှ ဘိန်းအစားထိုး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု ပျားမွေးမြူရေး ပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။

အဆိုပါသင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် ၅ ရက်ကြာ သင်ကြားပေးမည့်အပြင် သင်တန်းပြီးဆုံးပါက ပျားမွေးမြူနိုင်ရန် ပျားအုံ ၂၅ အုံနှင့် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခွန်အောင်(နောင်တရား)