အောက်တိုဘာ ၁၈
ပရီမီယာလိဂ်ပွဲစဉ် (၈) ရဲ့ အစောဆုံးပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အောက်တိုဘာ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းက နော်တင်ဟမ် ဖောရက်စ်အသင်းကို အနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့် (၄) နေရာကို ယာယီတက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင် ရရှိခဲ့တာဖြစ်ပြီး ချယ်လ်ဆီး အသင်းအတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းပွဲကစားချိန် ၄၉ မိနစ် မှာ အက်ချန်ပွန်းက တစ်ဂိုး၊ ၅၂ မိနစ်မှာ ပက်ဒရိုနီတိုးနဲ့ ၈၄ မိနစ်မှာ ရီစီဂျိမ်းစ်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက အနိုင်ဂိုးများထပ်မံရရှိရေး ကြိုပမ်းရင်း ဒုတိယပိုင်းပွဲကစားချိန် ၈၇ မိနစ်မှာ ဂတ်စ်တို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ကစားခဲ့ရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိ ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၈) ယှဉ်ပြိုင်ကစားပြီးချိန်မှာ လေးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေမှာတော့ နယူးကာဆယ်အသင်းက ဘရိုက်တန်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဘန်လေအသင်းက လိဂ်ယူနိုက်တက်စ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဆန်းဒါးလန်း အသင်းက ဝုလ်ဗာဟမ်တန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ပွဲစဉ်မှာ တစ်ဖက် သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


