နော်ဝေအသင်းဟာ စက်တင်ဘာ ၉ ရက်ညပိုင်းက မော်လ်ဒိုဗာအသင်းနဲ့ ကစားခဲ့တဲ့   ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ခဲ့ပြီး ၂၇ နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိရန် နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။  

နော်ဝေအသင်းဟာ မော်လ်ဒိုဗာအသင်းကို ၁၁ ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟာလန်းက  သွင်းဂိုးငါးဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းအတွက် အခြားသောသွင်းဂိုးခြောက်ဂိုးကိုတော့ မိုင်ဟရီကတစ်ဂိုး၊ အိုဒီဂတ်က တစ်ဂိုးနဲ့  အက်စ်ဂတ်က  လေးဂိုးသွင်းယူပေးခဲ့ပြီး မော်လ်ဒိုဗာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ နော်ဝေကစားသမား အက်စ်တီဂတ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်ခဲ့ရာကနေ ရရှိခဲ့ တာဖြစ်ပါတယ်။

တိုက်စစ်မှူး      ဟာလန်းဟာ    နော်ဝေအသင်းနဲ့အတူ    ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ သွင်းဂိုး ကိုးဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး အခြားသော ကစားသမားတွေထက် ဂိုးပိုသွင်းထားနိုင်ခဲ့တာ  ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို ငါးဂိုး-ဂိုးမရှိ၊ အယ်လ်ဘေးနီးယားအသင်းက လက်ဗီယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဩစတြီးယားအသင်းက ဘော့စနီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ပေါ်တူဂီအသင်းက ဟန်ဂေရီအသင်းကို သုံးဂိုး-နှစ်ဂိုး၊ အာမေးနီးယားအသင်းက အိုင်ယာလန်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ပြင်သစ်အသင်းက အိုက်စလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဇာဘိုင်ဂျန်နဲ့ ယူကရိန်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ ဆိုက်ပရပ်စ်နဲ့   ရိုမေးနီးယားတို့ပွဲစဉ်မှာ   တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်