နော်ဝေအသင်းဟာ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အီတလီအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အီတလီအသင်းနဲ့ နော်ဝေအသင်းတို့ပွဲစဉ်မှာ နော်ဝေအသင်းအတွက် သွင်းဂိုးတွေကို နူဆာက တစ်ဂိုး၊ ဟာလန်းကနှစ်ဂိုးနဲ့ လာဆင်က တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သွင်းဂိုး ၁၆ ဂိုးရှိသွားပြီဖြစ်လို့ လီဝန်ဒိုစကီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲသွင်းဂိုးစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။
နော်ဝေအသင်းဟာ အီတလီအသင်းကို အနိုင်ရရှိခဲ့လို့ ၂၈ နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ အီတလီအသင်းကတော့ နော်ဝေအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဖို့အတွက် play-off ယှဉ်ပြိုင်ကစားပြီး အနိုင်ရမှသာ ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကလည်း အာမေးနီးယားအသင်းကို ကိုးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီဖြစ်ကာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျာအိုနီဗက်တို့က သုံးဂိုးစီ၊ ဗီဂါကတစ်ဂိုး၊ ဂွန်ကာလိုရာမို့စ်ကတစ်ဂိုး၊ ကွန်စီကောင်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
နော်ဝေအသင်းနဲ့ ပေါ်တူဂီအသင်းတို့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်အသင်း၊ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့အပါအဝင် ဥရောပဇုန်မှ ကမ္ဘာ့ဖလား ဝင်ခွင့်ရအသင်း ငါးသင်းရှိလာပြီဖြစ်ပါတယ်။
ငွေကြယ်


