နေပြည်တော် နိုဝင်ဘာ ၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ၂၇ ရက် မှ နိုဝင်ဘာ ၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများက ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၆ ဒသမ ၇၈၆၅ တန်၊ သစ်မာ ၉ ဒသမ ၄၃၆၂ တန်၊ အခြား သစ် ၅၆ ဒသမ ၀၄၀၇ တန်စုစုပေါင်း ၈၂ ဒသမ ၂၆၃၄ တန်၊ ယာဉ်/ ယန္တရားကိုးစီး၊ တရားခံ ၁၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


