နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇွန် ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅ ဒသမ ၀၅၁၄) တန်၊ သစ်မာ (၈ ဒသမ ၀၀၈၈)တန်၊ အခြား (၄၇ ဒသမ ၆၀၁၄)တန်၊ စုစုပေါင်း (၇၀ ဒသမ ၆၆၁၆ )တန်၊ ယာဉ်/ယန္တရား(၁၇)စီး၊ တရားခံ(၂၅)ဦးဖမ်းဆီးရမိခဲ့ကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။
 
သတင်းစဉ်