နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀ ဒသမ ၄၆၉၂) တန်၊ သစ်မာ (၄ ဒသမ ၄၁၈၀)တန်၊ အခြား (၂၆ ဒသမ ၄၅၇၇)တန်၊ စုစုပေါင်း (၆၁ ဒသမ ၃၄၄၉) တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းစဉ်