နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များမှတရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန်  ၂၇


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၈ ဒသမ  ၂၀၁၀) တန်၊ သစ်မာ (၂၇ ဒသမ ၇၆၆၂)တန်၊ အခြား (၄၄ ဒသမ ၆၃၁၈)တန်၊ စုစုပေါင်း (၉၀ ဒသမ ၅၉၉၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ(၁၄)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးဌာနမှ သိရသည်။

သတင်းစဉ်