နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှု

လယ်ဝေး   ၁၃  မတ်  

 

နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား သွား ရောက်ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဌသည် လယ်ဝေးမြို့ အ.ထ.က(၁)စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်က လယ်ဝေးမြို့နယ် အတွင်းရှိစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ ဖြေဆိုနေမှု အခြေအနေနှင့် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လယ်ဝေးမြို့ အ.ထ.က (၂)စာစစ်ဌာန၊ အ.ထ.က (သဲကောကြီး) စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

 

လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၂)ခုတွင် ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုသူ(၆၈၀)ဦး၊ ပျက်ကွက်(၂၅)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း(၉၆ ဒသမ ၄၅) ဖြစ်ကာ ဘောဂဗေဒဘာသာရပ်၌ ဖြေဆိုသူ (၅၂၇၇) ဦး၊ ပျက်ကွက်(၂၈၆)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄ ဒသမ ၈၆)ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN

 

received_845282215813949