နေပြည်တော်   ဒီဇင်ဘာ  ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥတ္တရသီရိမြို့နယ်  ကြက်ခြေနီအသင်းခွဲ၏ “အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်း ဖွင့်ပွဲ”  အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

ဦးစွာ  ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ  ဦးအောင်ချိုနှင့် ပုဗ္ဗသီရိမြို့နယ်   ကြက်ခြေနီအသင်းခွဲရုံး  အမှုဆောင်အဖွဲ့ဝင် ဒေါ်တင့်တင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ  ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၏  အသင်းခွဲရုံးအတွင်း ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိမှုနှင့် ဖူဆယ်အားကစားကွင်းအား   လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက်  နေပြည်တော်ကောင်စီဝင်  ဦးမြင့်စိုးက  ယနေ့ ပြုလုပ်သည့် အသင်းခွဲရုံးနှင့် ဖူဆယ် အားကစားကွင်း     ဖွင့်ပွဲအခမ်းအနားသည် အသင်းခွဲဖွံ့ဖြိုး တိုးတက်ရေးအတွက်  အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစကာ လူငယ်များ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူပြုပါကြောင်း ပြောကြားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ဦးအောင်ချိုက အသင်းလှုပ်ရှားဆောင်ရွက်ချက်များနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အလှူရှင်များက ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၏  အသင်းခွဲရုံး တည်ဆောက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများကို ဥတ္တရသီရိမြို့နယ်  ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ  ဦးမောင်ချိုအား  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။      

အောင်မျိုးဝင်း(ဥတ္တရ)