နေပြည်တော် ၁၄ ဖေဖော်ဝါရီ
နေပြည်တော် မြတ်ပါရမီလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၏ အဋ္ဌမအကြိမ် မြောက် ဓမ္မပူဇာသဘင်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ သမ္ဗမင်္ဂလာသိဒ္ဓိ ဆုတောင်းပြည့်စေတီရင်ပြင်၌ ငါးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဓမ္မပူဇာသဘင်ကို မတ် ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဉ် ည ၇ နာရီ မှစတင်၍ ဆရာတော်ကြီးများဖြစ်ကြသည့် စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာအရှင်ဣန္ဒာစရိယ၊ စစ်ကိုင်းဆရာတော် ဘဒ္ဒန္တ အဘိဇာတာဘိဝံသ၊ ဘုတလင်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ၊ ဒေါက်တာအရှင်ကိတ္တိသာရ နှင့် ရွှေလင်းယုံဆရာတော် ဘဒ္ဒန္တအရဝိန္ဒာဘိဝံသ တို့က တရားတော်များဟောကြားကြမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မျိုး


