တပ်ကုန်း   ၂၅  ဖေဖော်ဝါရီ      

 

နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်တွင် ငမြှောင်တောင်ပိုးကာကွယ်ရေးနှင့် မီးထောင်ချောက် အသုံးပြုရေး တောင်သူအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရေအေးကျေးရွာ အုပ်စု ရေအေးကျေး ရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပသည်။

 

36

 

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်မြင့်သန္တာ က ငမြှောင်တောင်ပိုးများ၏ မူရင်းဒေသနှင့်ပြန့်နှံ့ပုံ၊ ဘဝစက်ဝန်း၊ ဖျက်ဆီးမှုလက္ခဏာများ၊ စားသောက် ဖျက်ဆီးသည့်အပင်များ၊ ကာကွယ်နှိမ်နင်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းများ ရှင်းလင်းဟောပြောသည်။ ထို့နောက်  ဒုတိယဦးစီးမှူး ဒေါ်ထူးပြည့်ဝင်းက ပိုးသတ်ဆေးအသုံးပြုထားသည့် ဟင်းသီးဟင်းရွက်များ စားသုံးရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ စိုက်ခင်းများတွင် ပိုးသတ်ဆေးဖြန်းရာ၌ လိုက်နာရမည့် အချက်များ ရှင်းလင်းဟောပြောပြီးနောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ စိုက်ခင်းများတွင် အခြားပိုးများနှင့်ငမြှောင်တောင်ပိုး ကာကွယ်ရေးအတွက် မီးထောင်ချောက်အသုံးပြုပုံနည်းကို စနစ်လက်တွေ့ပြသခဲ့သည်။ 

 

အဆိုပါဟောပြောပွဲသို့ ရေအေး၊ ညောင်တုံးအိုင်ကျေးရွာများမှ တောင်သူများတက်ရောက်၍ တက် ရောက်လာသူများအား ငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)