ငဖဲ ဩဂုတ် ၁
ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် နွေစပါးများ ၇၇၄ ဧက ရိတ်သိမ်းပြီးစီးပြီး စပါးတင်းပေါင်း ၆၉၀၅၉ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရိတ်သိမ်းပြီးစီးခဲ့သည့် နွေစပါးအောင်နိုင်တိုး ၅၁ ဧကတွင် တစ်ဧကလျှင် ၁၀၉ ဒသမ ၃၁ တင်းနှုန်းဖြင့် ၅၅၇၅ တင်း၊ စာပိုးသာ ခုနစ်ဧကတွင် တစ်ဧကလျှင် ၁၁၄ ဒသမ ၈၆ တင်းနှုန်းဖြင့် ၈၀၄ တင်း၊ မနောသုခ ၅၂ ဧကတွင် တစ်ဧကလျှင် ၈၂ ဒသမ ၅၄ တင်းနှုန်းဖြင့် ၄၂၉၂ တင်း၊ ဆင်းသုခ ၆၃၈ ဧကတွင် တစ်ဧကလျှင် ၈၈ ဒသမ ၀၉ တင်းနှုန်းဖြင့် ၅၆၁၉၉ တင်းနှင့် ရတနာတိုး ၂၆ ဧကတွင် တစ်ဧကလျှင် ၈၄ ဒသမ ၁၉ တင်းနှုန်းဖြင့် ၂၁၈၉ တင်း စုစုပေါင်းနွေစပါး ၆၉၀၅၉ တင်း ထွက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


