ငဖဲ ၂၈ ဖေဖော်ဝါရီ
မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိ်ုက် ပျက်စီးခဲ့ရသော သီးနှံစိုက်ခင်းများအတွက် ကွန်ပေါင်းဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပေးအပ်ပွဲတွင် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းက သဘာဝဘေးကြောင့် သီးနှံထိခိုက်ပျက်စီး သွားသော ကျေးရွာအုပ်စုများအတွက် ကွန်ပေါင်းဓါတ်မြေသြဇာ ပေးအပ်မှုများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ကျေးရွာများမှ သီးနှံ ထိခိုက်ပျက်စီးသည့် တောင်သူများအား ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့နှင့် ညှိနှိုင်း၍ (၁) ဧကလျှင် (၄)ပြည်နှုန်း ဖြင့် စနစ်တကျခွဲဝေပေးရန်နှင့် ကွန်ပေါင်းဓာတ်မြေသြဇာ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြော ကြားသည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူ နှစ်ဦး၏ သီးနှံစိုက်ဧက ၁၀.၂၂ ဧက အတွက် ဓာတ်မြေသြဇာ ၂ အိတ်၊ ၂၀၁၈ ခုနှစ်တွင် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူ ၉၅၀ ၏ သီးနှံစိုက်ဧက ၂၄၄၇ ဧက အတွက် ဓာတ်မြေသြဇာ ၄၈၉ အိတ် ၈ ပြည်၊ စုစုပေါင်း တောင်သူ ၉၅၂ ဦး၏ သီးနှံစိုက်ဧက ၂၄၅၇.၂၂ ဧကအတွက် ဓါတ်မြေသြဇာ ၄၉၁ အိတ် ၈ ပြည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


