ငပုတော ၂၅ ဖေဖော်ဝါရီ      

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ ပြည်သူများသုံးသည့် အစားအသောက်များတွင် သုံးစွဲခွင့် မပြု သည့်ဓာတုဆိုးဆေးပါဝင်နေသောအစားအသောက်များရောင်းချမှုမရှိစေရေးအတွက်ယနေ့နံနက်ပိုင်းကငပုတောမြို့မဈေးအတွင်းသို့ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

 

1

 

ထိုသို့စစ်ဆေးရာတွင် စိန်စိန်စာသားပါ ငရုတ်သီးဟင်းချက်မှုန့်နှင့် မင်းမင်းစာသားပါ ငရုတ်သီးဟင်းချက်မှုန့် အထုပ်များထဲတွင် ပြည်သူများစားသုံးရန် မသင့်လျော်သည့် ဓာတုဆိုးဆေးများ ပါဝင်နေသည်ကို တွေ့ရှိရ၍ သိမ်းဆည်းဖျက်ဆီးခဲ့ပြီး ရောင်းချသူများအနေဖြင့် တားမြစ်ဓာတုဆိုးဆေးပါဝင်သည့် အစားအသောက်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)

 

2