ငါးသိုင်းချောင်း   ဒီဇင်ဘာ   ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ် အသုံးပြုမည့် စာသင်ကျောင်းများနှင့် အဆောက်အအုံများမီးဘေးလုံခြုံရေးအတွက် လိုက်လံ ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီက  စစ်ဆေး ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်းမှ  လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က  မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မဲရုံများတွင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက် ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကာကွယ်ရေးနှင့် ပတ်သက်သောပစ္စည်း ကိရိယာများ  ထားသိုမှုအခြေအနေများ၊ လျှပ်စစ်မီးကြိုးသွယ်တန်း သုံးစွဲမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                       

 

ငါးသိုင်းချောင်း(ပြန်/ဆက်)