လော့စ်အိန်ဂျလိစ်  ဒီဇင်ဘာ  ၂

အသက်ငယ်ရွယ်စဉ်အချိန်တွင် စမတ်ဖုန်းအသုံးပြုခြင်းမှာ   ပိုမိုဆိုးရွားသော ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်မှုရှိကြောင်း   ဒီဇင်ဘာ   ၁    ရက်က ဂျာနယ်တစ်စောင်တွင်    ဖော်ပြထားသော   လေ့လာမှုအသစ်အရ သိရသည်။ 

Pediatrics ဂျာနယ်၌ ဖော်ပြထားသော အဆိုပါ သုတေသနပြုလေ့လာမှုတွင်  ဆယ်ကျော်သက်  ဦးနှောက်နှင့် သိမြင်မှုဆိုင်ရာ လေ့လာမှုတစ်ရပ်တွင်  ပါဝင်ခဲ့သော အသက်  ၁၂ နှစ်အရွယ် ကလေးငယ်ပေါင်း ၁၀၀၀၀ ကျော်၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်    ၁၂   နှစ်အရွယ်၌ စမတ်ဖုန်းအသုံးပြုသူများကို  စမတ်ဖုန်းအသုံးမပြုသူများနှင့် နှိုင်းယှဉ်ကြည့်ရာတွင်  စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်းနှင့် အိပ်စက်ချိန်မလုံလောက်ခြင်းတို့ ဖြစ်ပေါ်စေပြီး ဆိုးရွားသော ကျန်းမာရေးအန္တရာယ်များနှင့် ဆက်နွှယ်နေသည်ဟု လေ့လာမှုတွင်  ဖော်ပြထားသည်။

လေ့လာမှု၏ ရလဒ်များသည် အရေးပါပြီး အချိန်မီသော ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းနိုင်ကြောင်း၊ ထို့ကြောင့် ယင်းရလဒ်များသည် ဆယ်ကျော် သက် လူငယ်များ၏  စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ အုပ်ထိန်းသူများကို    အသိပေးသင့်ကြောင်းနှင့် လူငယ်လူရွယ်များကို အကာအကွယ် ပေးရန် ရည်ရွယ်သည့် အများပြည်သူဆိုင်ရာ  မူဝါဒများရေးဆွဲရာတွင်လည်း အထောက်အကူဖြစ်စေသင့်သည်ဟု ဖော်ပြထားသည်။                     

ဆင်ဟွာ