ခတ္တမန္ဒူ  နိုဝင်ဘာ  ၂၃

နီပေါနိုင်ငံသည်  လက်ရှိ   ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ပထမလေးလအတွင်း   နိုင်ငံခြားကုန်သွယ်မှု ဆက်လက်မြင့်တက်လျက်ရှိပြီး ယမန်နှစ်  အလားတူကာလနှင့် နှိုင်းယှဉ်လျှင်   ၂၄  ဒသမ   ၁၈ ရာခိုင်နှုန်း  မြင့်တက်မှုရှိကြောင်း အစိုးရအေဂျင်စီတစ်ခုက   နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ဇူလိုင်လလယ်နှင့် နိုဝင်ဘာလ လယ်ကြားတွင် ပို့ကုန်နှင့်  သွင်းကုန်နှစ်မျိုးစလုံးမြင့်တက်မှုရှိခဲ့ပြီး  ကုန်သွယ်မှုပမာဏ စုစုပေါင်း နီပေါ ရူပီး ၇၀၂ ဒသမ ၉၄ ဘီလီယံအထိရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ရူပီး ၅၆၆ ဒသမ ၀၅   ဘီလီယံသာရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏   ဖော်ပြချက်အရ သိရသည်။                 

ဆင်ဟွာ