ခတ္တမန္ဒူ အောက်တိုဘာ ၂၆
ပို့ကုန်သွင်းကုန် မြင့်တက်လာခြင်းကြောင့် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း နီပေါနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမြင့်တက်လာကြောင်း အကောက်ခွန်ဦးစီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။
၂၆ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်
ဇူလိုင်လလယ်မှ အောက်တိုဘာလလယ်ကြား နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်းပမာဏမှာ ယမန်နှစ်ကထက် ၂၆ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်လာကာ နီပေါရူပီး ၅၄၀ ဒသမ ၈၆ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း အဆိုပါဌာနက ပြောသည်။
ပို့ကုန်များမှာ ၈၉ ဒသမ ၆၄ ရာခိုင်နှုန်းမြင့်တက်မှုရှိပြီး နီပေါ ရူပီး ၇၂ ဒသမ ၇၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ သွင်းကုန်များမှာလည်း ၁၉ ဒသမ ၇၉ ရာခိုင်နှုန်း မြင့်တက်မှုရှိပြီး နီပေါရူပီး ၄၆၈ ဒသမ ၀၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


