ရန်ကုန် ၂၉ အောက်တိုဘာ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ နို၀င်ဘာ၈ရက်မှ ၁၈ ရက်‌နေ့အထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာအဆင့် Mobile  Legends BB World Championship(M 1) ပြိုင်ပွဲသို့ မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း သိရသည်။ ထိုပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် Mobile Legends Professional League(MPL)ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်အတွင်းရှိ Yangon Convention Center(YCC)၌ကျင်းပခဲ့ရာ Burmese Ghuols အဖွဲ့ ချန်ပီယံဆွတ်ခူး ရရှိသွားသည်။

အဆိုပါပြိုင်ပွဲ၌ ချန်ပီယံဆွတ်ခူးရရှိသွား‌သော Burmese Ghuolsအဖွဲ့သည် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာအဆင့် Mobile  Legends BB World Championship(M 1) သို့ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားသည်။

ယင်းMobile Legends Professional League(MPL)ပြိုင်ပွဲကို ဇူလိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကစားသမား ၂၅၆ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ပထမအဆင့် အွန်လိုင်းပြိုင်ပွဲတွင် အဖွဲ့လေးဖွဲ့နှင့် တိုက်ရိုက်တက်လှမ်းခွင့် ရရှိခဲ့‌သော အဖွဲ့‌လေးဖွဲ့ ဗိုလ်လုပွဲတွင် ယှဥ်ပြိုင်ခဲ့ကြရာ ပထမချန်ပီယံBurmese Ghuolsအဖွဲ့က ဆု‌ကြေးအ‌မေရိကန်‌ဒေါ်လာ ၁၃၀၀၀ နှင့် ကမ္ဘာ့ချန်ပီယံ Mobile Legends ပြိုင်ပွဲသို့ ၀င်‌ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ ဒုတိယဆု အ‌မေရိကန်‌ဒေါ်လာ ၆၀၀၀၊ တတိယ အ‌မေရိကန်ဒေါ်လာ ၃၀၀၀၊ အဆင့်‌ဒေါ်လာ ၂၀၀၀၊ နှင့် အဆင့် ၅၊ အဖွဲ့ကို‌ဒေါ်လာ           တစ်‌ထောင်စီဆုချီးမြှင့်ခဲ့ကြသည်။

 "ယခင်ကတည်းကမြန်မာနိုင်ငံမှာပြိုင်ပွဲများ တောက်လျှောက် စီစဉ်ခဲ့ပြီးပါပြီ။ အဲဒီပွဲတွေမှာအရည်အချင်းရှိပြီး ပါရမီရှိတဲ့ မြန်မာလူငယ်ကစားသမားတွေ အများကြီးရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ E-sports ကဏ္ဍကို အခုလက်ရှိ ရှိနေတဲ့အခြေအနေထက် ပိုတိုးတက်အောင်၊ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်အောင် ယှဉ်ပြိုင်သွားနိုင်ဖို့ လက်တွဲကူညီပေးသွားမှာပါဟု” Moonton TechnologyE-sport မန်နေဂျာ Zhaung Zhong က‌ ပြောသည်။  

Mobile  Legends BB World Championship(M 1) ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် နိုင်ငံ‌ပေါင်း ၁၄ နိင်ငံမှ အသင်း ၁၆ သင်းပါ၀င်ပြီး၊ အရှေ့တောင်အာရှနိုင်ငံများမှ ထိပ်တန်းကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။             

သတင်းနှင့်ဓာတ်ပုံအာကာစိုး