ပေကျင်း အောက်တိုဘာ ၁၈
တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၏ ပညာရှင်အဖွဲ့ဝင် နိုဘယ်ဆုရှင်နှင့် ရူပဗေဒပညာရှင် ပါမောက္ခချန်နင်းယန်သည် ပေကျင်းမြို့၌ အောက်တိုဘာ ၁၈ ရက်တွင် ကွယ်လွန်သွားကြောင်း ဆင်းဟွာတက္ကသိုလ်မှ ထုတ်ပြန်သည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် (၁၀၃) နှစ်ရှိပြီဖြစ်သည်။
ပါမောက္ခယန်ကို ၁၉၂၂ ခုနှစ်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးပြည်နယ် ဟေဖေးမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပညာသင်ယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအချို့ရှိ တက္ကသိုလ်များတွင် သင်ကြားရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်။ ယန်နှင့် ရောဘတ်မေးလ်တို့ မိတ်ဆက်ပေးခဲ့သော Yang-Mills gauge သီအိုရီသည် ၂၀ ရာစု ရူပဗေဒပညာရပ်ဆိုင်ရာ အရေးအကြီးဆုံး အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်။
၎င်းသည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နှစ်ပေါင်း၂၀ ကျော်အကြာတွင် ဆင်းဟွာတက္ကသိုလ်၌ သင်ကြား ပို့ချပေးခဲ့ပြီး ပါရဂူကျောင်းသားများ မွေးထုတ်ရေး၊ ထူးချွန်ကျောင်းသားများ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ ပညာရပ်များဖလှယ်မှုများ မြှင့်တင်ရေး စသည့် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။
ဆင်ဟွာ


