ဒီဇင်ဘာ ၁၁
ယခုနှစ် နိုဘယ်ဆုရရှိသူ ဂျပန်လူမျိုးနှစ်ဦးသည် ဆွီဒင်နိုင်ငံတွင် ယမန်နေ့ကကျင်းပသော ဆုပေးပွဲအခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို စတော့ဟုမ်းမြို့လယ်ရှိ ဂီတခန်းမတွင် ကျင်းပခဲ့သည်။
ကျိုတိုတက္ကသိုလ်၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ကီတာဂါဝါ ဆူဆူမူသည် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိသူ သုံးဦးတွင် ပါဝင်သည်။
ကီတာဂါဝါနှင့် အခြားဆုရှင်နှစ်ဦးဖြစ်သည့် ရစ်ချက် ရော့ဘ်ဆန်နှင့် အိုမာ ယာဂီတို့အား ဘုရင် ကားလ် ၁၆ ဂူစတာ့ဖ်က ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။
အိုဆာကာတက္ကသိုလ်မှ ထင်ရှားသော ဂုဏ်ထူးဆောင်ပါမောက္ခ ဆာကာဂူချီ ရှီမွန်သည် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုရရှိသူ သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဆုရရှိသူ အခြားနှစ်ဦးဖြစ်သည့် မေရီ ဘရန်ကိုနှင့် ဖရက်ဒ် ရမ်စ်ဒဲလ်တို့နှင့်အတူ ဆာကာဂူချီသည် ဘုရင်ထံမှ ဆုတံဆိပ်ကို လက်ခံရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


