အဘူဂျာ  အောက်တိုဘာ  ၂၂

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း နိုင်ဂျာပြည်နယ်၌  စက်သုံးဆီတင်ယာဉ်တိမ်းမှောက်ပြီး ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ၃၅   ဦးထက်မနည်း သေဆုံးပြီး ၄၆   ဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း   ဒေသတာဝန်ရှိသူများက  အောက်တိုဘာ  ၂၁   ရက်တွင် ပြောကြားခဲ့သည်။

နိုင်ဂျာပြည်နယ်   ကတ်ချာဒေသန္တရအစိုးရဒေသရှိ အက်ဆာကျေးရွာမှ ဒေသခံအချို့မှာ တိမ်းမှောက်သွားသော  စက်သုံးဆီတင်ယာဉ်မှ   စက်သုံးဆီများ  ခပ်ယူရန်ကြိုးပမ်းစဉ်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လမ်းဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ  တာဝန်ရှိသူ  အိုင်းရှက်တူဆာအာဒူက  ပြော ကြားသည်။

ရဲတပ်ဖွဲ့၏ ပဏာမစုံစမ်းစစ်ဆေးချက်အရ စက်သုံးဆီတင်ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ ပြင်းထန်သော  မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း  ၎င်းက  ဆက်လက်ပြောကြားသည်။

နိုင်ဂျာပြည်နယ် အုပ်ချုပ်ရေးမှူး  မိုဟာမက်အူမာဘာဂိုက အဆိုပါ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် ပြည်နယ်အစိုးရအတွက် နောက်ထပ်နာကျင်ခံစားရပြီး ခက်ခဲသည့် အခိုက်အတန့်တစ်ခုဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက် ညပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားထားသည်။                                               

ဆင်ဟွာ