စက်တင်ဘာ ၄

နိုင်ဂျီးရီးယားနိုင်ငံ မြောက်-အလယ်ပိုင်း နိုင်ဂျာပြည်နယ်တွင် လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ ပြီးနောက် လူပေါင်း ၆၀ ထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါလှေတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၆၀ အထိမြင့်တက်လာကြောင်း၊ ၁၀ ဦးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရပြီး အခြားသူများမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘိုဂူဒေသအစိုးရအဖွဲ့၏ ဉက္ကဌက ပြောကြားသည်။

အရေးပေါ်ကယ်ဆယ်ရေးသမားများနှင့် ဒေသခံရေငုပ်သမားများက ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

ဝန်ပိုတင်ဆောင်လာသော၎င်းရေယာဉ်သည် သစ်ငုတ်တိုနှင့်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ထိုလှေသည် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူပေါင်း ၁၀၀ ကျော်ကိုတင်ဆောင်လာသည်ဟု ချာဂူမိခရိုင်ခေါင်းဆောင်က ပြောကြားသည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ ရာသီဉတုဆိုးရွားခြင်းတို့ကြောင့် လှေမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို