ရန်ကုန် ၂၄ ဖေဖော်ဝါရီ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၁၉)အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒ က အဖွင့်သမ္မောဒနီယ သြဝါဒကထာမြွက်ကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ၂၀၁၈ ခုနှစ် စက်တင်ဘာ(၁၇)ရက်က ကျင်းပခဲ့သော တက္ကသိုလ် များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၁၈)အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြု ချက်ရယူပြီး တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၁၈) အစည်းအဝေးဆုံး ဖြတ်ချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက တင်ပြသည်။
ဆက်လက်၍ ဗဟိုပညာရေးအဖွဲ့(၁/၂၀၁၉)အစည်းအဝေးမှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့(ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ သာသနာ့တက္ကသိုလ် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း(ပြင်ဆင်ဖြည့်စွက်ချက်) အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။
ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာမြွက်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး)မှ ပါမောက္ခချုပ်ဆရာတော်၊ ဒုတိယပါမောက္ခချုပ်ဆရာတော်၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


