နမ့်ဆန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ (၇၉၂)ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

နမ့်ဆန် ၆ မတ်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပရာ ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား/ ကျောင်းသူပေါင်း  (၇၉၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် နမ့်ဆန်တွင် စာစစ်ဌာန (၁)ခုသာ ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရှိရသည်။

 

1


စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျန်းမာရေး ကြီးကြပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးများ ဆောင်ရွက်ထားရှိပြီး စာမေးပွဲ ဖြေဆိုသည့် ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာများက ကြိုတင်စီမံ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။ 


ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရန်အတွက် ပညာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ အလှည့်ကျ ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

ဦးအောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

1