နန္ဒာအောင်မြေကျောင်း ပဓာန နာယကဆရာတော် အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ (Ph.D. Buddhism) ၏ နှစ်သစ်ကူး ဩဝါဒကထာ

နန္ဒာအောင်မြေကျောင်း ပဓာန နာယကဆရာတော် အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ (Ph.D. Buddhism) ၏ နှစ်သစ်ကူး ဩဝါဒကထာ

 

ဒီကနေ့ဟာ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်အခါသမယပဲ ဖြစ်ပါတယ်။ အခုလိုမင်္ဂလာရှိလှတဲ့ နှစ်သစ်မင်္ဂလာ   အခါသမယမှာ     ဘုန်းဘုန်း အနေနဲ့ နှစ်သစ်မင်္ဂလာ နှစ်ဦးဆုမွန် ပတ္ထနာပြုပေးပါမယ်။

 

ယာဒိသံ ဝပတေဗီဇံ - တာဒိသံ ဟရတေဖလံ ကလျာဏ ကာရီကလျာဏံ - ပါပကာရီစ ပါပကံ။  သဂါထာဝဂ္ဂသံယုတ်။

ကလျာဏီ ကာရီ ကလျာဏံ - ကောင်းသော စေတနာဖြင့ကောင်းသော ကုသိုလ်မျိုးစေ့တို့ကိုစိုက်ပျိုးနိုင်သော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများ ဖြစ်နိုင်ကြပါစေ။

 

ပါပကာရီစ ပါပကံ - မကောင်းသောစေတနာဖြင့်   မကောင်းသော   အကုသိုလ်မျိုးစေ့တို့ကို စိုက်ပျိုးမိသော  မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများ မဖြစ်ကြပါစေနှင့်။

 

ကောင်းပင်ပျိုး၍ ကောင်းကျိုးကိုယ်၌တည်စေသူများဖြစ်ကြပါစေ။

 

ဆိုးပင်ပျိုး၍  ဆိုးကျိုးများ  ကင်းဝေးသောသူများ ဖြစ်ကြပါစေ။

 

 နံနက်မိုးလင်းမှ မိုးချုပ် ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာတို့သည် မိမိနောက်သို့ လိုက်ပါ ခြင်းမပြု။ ကုသိုလ် - အကုသိုလ် (၂)ပါးသာလျှင် လိုက်ပါခြင်းဖြစ်တယ်။

 

သို့အတွက်ကြောင့် မိုးလင်းတဲ့အချိန်မှ မိုးချုပ်တဲ့အချိန်ထိ ကုသိုလ်တရား ပွားများပြီးသကာလ ကောင်းကျိုးတွေရရှိပြီး ချမ်းသာသုခပြည့်ဝနိုင်ကြပါစေ။ မကောင်းတာတွေ ဖယ်ရှား၊ ကောင်းတာတွေပွား၊ ကောင်းကျိုးချမ်းသာ ရကြပါစေ။ နှစ်သစ်အခါ သမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း  ပြည့်စုံပြီး  ဒုက္ခခပ်သိမ်း၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေလို့ နှစ်သစ်ကာလ အခါသမယ၌ ဆုတောင်း “ပတ္ထနာ” ပြုလိုက်ပါတယ်။