အင်္ဂပူ ၂၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်ရှိ နန်ကသူရေလှောင်တမံမှ ဆည်ရေဖြင့် ကွင်းကောက်ဒေသ ကျေးရွာအုပ်စု(၁၄)အုပ်စုအတွင်းမှ လယ်စိုက်မြေဧရိယာ ၅၉၄၈ ဧကကို စိုက်ပျိုးရေ ပေးဝေထားရှိကြောင်း သိရသည်။
"နန်ကသူရေလှောင်တမံမှ တူးမြောင်းမကြီး အလျား၂၃၃ မိုင် ၊ လက်ယာမြောင်း(အလျား ၅.၁၁ မိုင်)၊ လက်ဝဲမြောင်း (အလျား ၇.၅၇ မိုင်)နှင့် လက်တံမြောင်းခွဲများဖြင့် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ပြီး စိုက်ပျိုးရေများ ပေးဝေနိုင်ခဲ့ကြောင်း" အင်္ဂပူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အင်္ဂပူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရာသီအမှီ တူးမြောင်းများ ရေးစီးရေလာကောင်းမွန်ရေး၊ နွေစပါးစိုက်ပျိုးရေလုံလောက်အောင်ရရှိရေးတို့အတွက် မြောင်းဘောင်များ ပြုပြင်ခြင်းနှင့် ရေပေးအဆောက်အဦများ ပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းများကို စက်အင်အား၊ လူအင်အားများ အသုံးပြုကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပြီး နန်ကသူဆည်ရေသောက်စနစ်ဖြင့် (၁၅)နှစ်တာကာလအတွင်း နွေစပါးစိုက်ဧက စံချိန်တင်စိုက်ပျိုးနိုင်သည့်နှစ်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


