ပရီမီယာလိဂ် ပွဲစဉ်(၁၁)ရဲ့ နိုဝင်ဘာ ၉ ရက် ညပိုင်းနောက်ဆုံးပွဲစဉ်နဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက လက်ရှိချန်ပီယံ လီဗာပူးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၂၉ မိနစ်မှာ ဟာလန်းက တစ်ဂိုး၊ ပထမပိုင်း ပွဲကစားချိန်အပြီး နာကျင်အချိန်ပို သုံးမိနစ်မှာ ဂွန်ဇာလက်ဇ်က တစ်ဂိုးနဲ့ ၆၃ မိနစ်မှာ ဒိုကူကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

တိုက်စစ်မှူး ဟာလန်းဟာပထမပိုင်း ပွဲကစားချိန် ၁၃ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ၂၉ မိနစ်မှာတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၂၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

အခုပွဲစဉ်ဟာ နည်းပြ ဂွါဒီယိုလာအတွက် နည်းပြဘဝ ပွဲစဉ် (၁၀၀၀) ပြည့်မြောက်တဲ့ ပွဲစဉ်ဖြစ်ပြီး အထိမ်းအမှတ်ပွဲစဉ်မှာ လက်ရှိချန်ပီယံအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းကောင်းတစ်ရပ်လည်း စိုက်ထူနိုင်ခဲ့ပါတယ်။

 

မန်စီးတီးအသင်းဟာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၁၁) အပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့်(၂)နေရာ တက်လှမ်းခွင့်ရရှိခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၁)နေရာက အာဆင်နယ်အသင်းနဲ့ လေးမှတ်ကွာအနေအထားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

လီဗာပူးအသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် ပွဲစဉ် (၁၁) အပြီးမှာ ခြောက်ပွဲနိုင်၊ ငါးပွဲရှုံး ရမှတ် ၁၈ မှတ်နဲ့ မန်ယူအသင်းရဲ့အောက် အဆင့်(၈)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

ငွေကြယ်