ညောင်ရွှေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ် ဖြေဆိုသူ ၃၂၄၃ ဦးရှိ

ညောင်ရွှေ  ၁၂ မတ်


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ရူပဗေဒ ဘာသာရပ်ကို ယနေ့ဖြေဆိုကြရာ ညောင်ရွှေမြို့နယ်တွင် ဖြေဆိုသူ ၃၂၄၃ ဦး ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


ညောင်ရွှေမြို့နယ်တွင် စာစစ်ဌာန ၁၀ ခုမှ ရူပဗေဒ ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃၆၂ ဦးတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၄၃ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၁၁၉ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း ၉၆ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ  သိရသည်။


MDN