နတ်မောက်  နိုဝင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က  ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ချက်၊ ပညာရေး မျှော်မှန်းချက်(၃)ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဖြိုးမိုဘိုင်းမိသားစုမှ အလှူရှင် ဦးအောင်ဇော်မင်းတို့က ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ 

 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမ်းအနားတွင် တက်ရောက်လာကြသည့်  ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။ 

 

လှဝင်း(မြို့နယ်ပြန်/ဆက်)