အောက်တိုဘာ ၂၉

ဥဇဘက်ကစ္စတန်နိုင်ငံသို့ ယခုနှစ်ပထမ ကိုးလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းကော်မတီက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားခရီးသွား ၈ ဒသမ ၆ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလက နိုင်ငံခြားခရီးသွား ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၈ သန်း သို့မဟုတ် ၄၉ ဒသမ ၃  ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ထိုကော်မတီက ဖော်ပြထားသည်။

ကာဂျစ္စတန်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၂ ဒသမ ၄ သန်းဖြင့် ပထမနေရာတွင် ရပ်တည်ခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ ခရီးသွား ၂ သန်းနှင့် တာဂျစ်ကစ္စတန်နိုင်ငံမှ ခရီးသွား ၁ ဒသမ ၉ သန်းဖြင့် ခရီးသွားဝင်ရောက်မှု ဒုတိယနေရာတွင် ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို